Posts

Showing posts from September, 2019

မိုးမရွာသောနေ့များ (၉-၉-၂၀၁၉)

မိုးမရွာသောနေ့များ အပူရှိန်ပြင်းသော မစိုးရိမ်တိုက်သစ်။ စာအံကျောင်းတစ်ချိန်တက်ရတိုင်း အပူဒဏ်နှင့် တွေ့ရဦးမည်ကိုတွေးတောရင်း သက်ပြင်းပူကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။  သီတင်းသုံးဖော်များကလည်း ပညာရေးကိစ္စမပြီးသေးသဖြင့်သာ အောင့်အီး၍ စာအံကျောင်း၌ တွန့်ရင်းလိမ်ရင်း ထိုင်နေကြရသည်။  တစ်ချို့လည်း စာအံကျောင်းသက် (၅)နှစ်, တစ်ချို့လည်း(၁၀)နှစ်, မိမိ၏ ပညာရေးကိစ္စမပြီးဆုံးခြင်းအတွက် မိမိကိုယ်တိုင် စိတ်ပျက်အားငယ်ဖြစ်မိသလို ရပ်ရွာမှ ဒကာ ဒကာမဆရာသမားများကိုလည်း အားနာလှသည်။    စာအံကျောင်းသွားရသည်မှာ မိမိကိုယ်ကို ရဟန်းတစ်ပါးဟုမထင်တော့။ သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်ပမာ ထင်မြင်လာတော့သည်။ အပူဒဏ်နှိပ်စက်ကို ခံရသဖြင့်သာ စက်ရုပ်မဟုတ်မှန်း သတိပြုမိတော့သည်။  မိုးလင်းလာတိုင်း လန့်နေသော အတွေးတစ်ခု ခေါင်းထဲ ပေါ်ပေါ်လာလေ့ ရှိသည်။ ယနေ့လည်း ဒုက္ခတစ်ခု တွေ့ပြန်ရဦးတော့မည်။ ဆရာတော်ဘိုရာကတော့ မိန့်ဖူးပါသည်။  ‘‘စာမေးပွဲမအောင်တော့ ဘာဖြစ်လဲကွ၊ စာထပ်ကျက်တော့ ကုသိုလ်ပိုရတာပေါ့’’ ဆရာတော်က စာမေးပွဲမကျဖူးတော့ ပြောအားရှိတာပေါ့။ ဆရာတော် ဘယ်လောက်ပဲ ပညာတတ်တတ်၊ စာမေးပွဲကျရခြင်း၏ ...