ဝိနယဂရုက
ဝိနယဂရုက ======= မစိုးရိမ်တိုက်သစ် ဆရာတော်ဘဒ္ဒန္တသိရိန္ဒာဘိဝံသသည် စာသင်သားများကိုသာမက နာယကများကိုပါ မဟုတ်လျှင် မဟုတ်သလို မမှန်လျှင် မမှန်သလို ဒုတ်ထိုးအိုးပေါက် ငေါက်ငမ်း၍ ဆုံးမတတ်၏။ နာယက ကြီးသည် ငယ်သည်မဟူ ဆရာတော်၏ ငေါက်ငမ်းမှုကို ခံရသောကြောင့် ဆရာတော်ကရုဏာကို မခံယူဖူးသော နာယကမရှိ-ဟု ဆိုနိုင်သည်။ ‘‘ မင်းဘွဲ့ ဘယ်သူလဲ’’ ‘‘တပည့်တော် ဦးဇောတိကပါဘုရား’’ ဟုလျှောက်မိသောကြောင့် ထ၍ ခြေထောက်နှင့် ကန်ဖူးသည်။ ‘‘ ဟေ့ကောင် ထေရ်ကြီး ဝါကြီးနဲ့တွေ့ရင် ဦးတပ်ပြီး မပြောရဘူး၊ ဒါလေးမှ နားမလည်ဘူးလားကွ။’’ ဤကဲ့သို့ပင် အချိုးမပြေသော အပြုအမူများကို ငေါက်ငမ်း၍ ဖြစ်စေ, ကန်ကျောက်၍ ဖြစ်စေ ဆုံးမတတ်သည်။ ထို့ကြောင့် ဆရာတော်သီကို သဘောထား တင်းမာလွန်းသော ပုဂ္ဂိုလ်ကြီးအဖြစ် ထင်မြင်ဖွယ်ရာရှိသည်။ သို့သော် ဆရာတော်သည် ဝိနည်းတရားနှင့် ပတ်သက်လျှင်ကား အလွယ်တကူ အလျော့ပေးတတ်သော သဘောရှိကြောင်း အောက်ပါအဖြစ်အပျက်က သက်သေခံပါသည်။ တခါသား။ ဓမ္မပါရဂူကျောင်းမှ စာသင်သားတစ်ပါး။ စိုက်ပျိူးရေးဝါသနာပါသည်။ ပါရဂူခေါင်းရင်း မြေကွက်လပ်တစ်နေရာ၌ ငှက်ပျောပင်စသည်တို့ကို စီတန်းစိုက်ပျိူးကာ ရ...